စားသောက်တော့မယ်ဆို
ဘယ်လိုစားမလဲ လို့မေးရအုံးမယ် ။ကျွန်တော်တို့တတွေကတော့ လက်ဆေး ပုဂံယူ
ထမင်းနဲ့ဟင်း သင့်သလို ထည့်ပြီး လက်နဲ့ အားရပါးရ နယ်စားလိုက် ပြီးတာဘဲပေါ့ ။ငပိရည်
တို့စရာလေးတွေ မြှုပ်ထည့်ပြီး အားရပါးရလွှေးလိုက်ရရင် ဆွေမျိုးတောင်မေ့သွားသလားဘဲ ။
ဇလုံနဲ့နယ်ဖတ်စားရမယ်ဆိုရှယ်ပေါ့နော် ။
ဒါပေမဲ့
ခေတ်ကပြောင်းနေပြီဗျာ…။အရင်လိုမဟုတ်တော့ဘူး
။ဘယ်သူမဆို နိုင်ငံအကြီးအကဲ ဖြစ်နိုင်တဲ့ ဒီမိုကရေစီ စနစ်နဲ့ နိုင်ငံဖြစ်လာပြီလေ ။
ဒီတော့ ကံကောင်းအကြောင်းလှလို့ နေရာတစ်နေရာမှာ လူကြီးဖြစ်လာပါပြီတဲ့ …သူ့အဆင့်နဲ့သူ ညစာစားပွဲတွေ ဧည့်ခံပွဲတွေ
တက်ရမယ် လူကြီးလူကောင်းတွေနဲ့ အတူတူ စားရသောက်ရတော့မယ်ဆို အိမ်မှာလို ထမင်းကို
လက်နဲ့ အားရပါးရ နယ်ဖတ်ပြီး စားလို့မရတော့ဘူးလေ ။ မှင်နဲ့မောင်းနဲ့ အိနြေ္ဒရရ
စားသောက်ရတော့မှာပါ ။
နိုင်ငံရပ်ခြားတိုင်းပြည်တွေကို
အလည် ရောက်ဖို့ဆိုတာလဲ ဒီနေ့ဒီအခါမှာ လွယ်သွားပါပြီ ။ဟိုရောက်တဲ့အခါ
မိတ်သစ်ဆွေသစ်တွေက ဧည့်ခံကျွေးမွေးဘို့ဖိတ်လာတဲ့အခါမျိုးတွေရှိလာနိုင်ပါပြီ ။
ဟိုတယ်တွေ ရက်စတောရင့်တွေမှာ ဖိတ်ပြီးဧည့်ခံတော့မှာ ။ အဲဒီတော့ ဒီလိုပွဲတွေမှာ
ဘယ်လိုစားသောက် နေထိုင် ရမယ် ဘာတွေ ဆောင်ပြီးဘာတွေရှောင်ရမယ် ဆိုတာတွေ
သိမိဖတ်မိသလောက်လေး ဖောက်သည်ချပေးပါရစေ ။
![]() |
formal dinner set |
![]() |
informal dinner set |
ပထမ
သိရမဲ့အချက်ကတော့ ကိုယ့်ကို ဖိတ်တဲ့ ညစာစားပွဲ အမျိုးအစားပေါ့ ။
သာမန်အားဖြင့်တော့
formal dinner (အခမ်းအနားနှင့်လုပ်သော
ညစာစားပွဲ) နဲ့ informal dinner (အလွတ်သဘော ပြုလုပ်သော ညစာ
စားပွဲ) ဆိုပြီးခွဲခြား
သတ်မှတ်လေ့ရှိပါတယ် ။ပြီးတော့ ဘယ်လို စတိုင်နဲ့ ကျွေးမှာလည်းဆိုတာ (ဥပမာ Continental
/European style နဲ့ American style
) သိထားဘို့လဲလိုပါသေးတယ် ။
Continental
style ဆိုရင် dinner knife ကိုညာလက်နဲ့ ခက်ရင်းကို ဘယ်လက်နဲ့ ကိုင်ပြီး အသား/ပေါင်မုန့်ကို တကိုက်စာ အတုံးလေးကိုလှီးပြီး ခက်ရင်းနဲ့ထိုးပြီး
ပါးစပ်ထဲကို တိုက်ရိုက်ထည့်လို့ စားရပါတယ် ။ American
style ဆို ညာလက်က dinner knife နဲ့ အသား/ပေါင်မုန့်လှီးတဲ့အခါ ဘယ်ဘက်လက်က ခက်ရင်းနဲ့ တကိုက်စာ အစလေးတွေကို
လိုက်ထိမ်းပေးရပါတယ် ။ တခါလှီးဖြတ်ရင်လည်းတစ်ကိုက်စာ နှစ်တုံးထက်ပိုမဖြတ်သင့်ပါ
။ပြီးမှ ညာဘက်လက်က ဒါးကို ပန်းကန်ပေါ်ချပြီး ဘယ်ဘက်လက်က ခက်ရင်းကို ညာလက်နဲ့
ပြောင်းကိုင်ပြီးမှ တကိုက်စာ အတုံးလေးတွေကို ဖြည်းဖြည်းချင်းစားရပါတယ် ။ ဒါးကို
ပန်းကန်ပေါ်ချတဲ့အခါမှာလည်း ဒါးသွားကို ကိုယ့်ဖက် လှည့်ချရပါမယ်
။လှီးနေဖြတ်နေတဲ့အချိန်မှာ သင့်လက်တွေ ကားမထားဘဲ တံတောင်ဆစ်တွေကို သင့်ကိုယ်နဲ့
ကပ်ထားပေးပါ ။
![]() |
စားရင်းခဏနားမယ်ဆို american style ဒီလိုထားတယ် |
ဇွန်းခက်ရင်းဒါးတွေကို
စားသောက်နေရင်းဆော့ကစားတာမျိုးမဖြစ်အောင် သတိပြုပါ ။စကားပြောနေချိန် ဇွန်းခက်ရင်း
စတာတွေကို လက်ထဲကိုင်မထားပါနှင့် ။ ဇွန်းခက်ရင်း စတာတွေနဲ့
လေထဲဝှေ့ရမ်းပြီးညွှန်ပြတာမျိုးလဲမလုပ်ရပါဘူး။
သိပ်ကြီးကျယ်တတ်တဲ့
သူတွေဆိုတော့ ဇွန်းခက်ရင်း ဒါးကိုင်တာကအစ သူ့စနစ်နဲ့သူသတ်မှတ်ထားတော့
သတိပြုရမဲ့အချက်တွေများပါတယ် ။
![]() |
continental/european style ဆို ခဏနားရင် ဒီလိုထားတယ် |
နောက်တခုက
အဝတ်အစား ဆင်ယင်မှု ကလည်းသတိပြုရပါသေးတယ်။သတ်မှတ်တဲ့ ဝတ်စုံရှိခဲ့ရင်
စနစ်အတိုင်းပုံစံပြည့် ဝတ်ရပါတယ် ။ပတ်ဝန်းကျင်နဲ့ မဆီလျှော်တဲ့ အဝတ်အစားမျိုး
မဝတ်မိဖို့ ဂရုပြုပါ။
ဖိတ်ကြားခံရတဲ့အခါ
တက်ရောက်နိုင်ခြင်းရှိမရှိ ကို အမြန်ဆုံး (တတ်နိုင်ရင် ၃ရက်အတွင်း )အကြောင်းပြန်ပေးရပါတယ်
။
မိမိနဲ့အတူ
လူပိုခေါ်ခွင့်ရှိမရှိကို ဖိတ်ကြားသူနဲ့ ညှိနှိုင်း ခွင့်ပြုချက်တောင်းရပါတယ် (ဒါက informal dinner မှာသာ လုပ်သင့်ပါတယ်)။မိမိသဘောနဲ့တော့
ခေါ်မသွားသင့်ပါဘူး ။
ဖိတ်ကြားထားတဲ့အချိန်ထက်
၁၀မိနစ်ထက်ပိုမစော ၁၀မိနစ်ထက်ပိုပြီးနောက်မကျစေရန်အထူးဂရုပြုရပါမယ် ။
အရေးကြီးတာတခုက
လက်ဆောင်သေးသေးလေးဖြစ်ဖြစ်(ပန်းစည်း
.ချော့ကလက်ဘူး .ရှမ်ပိန် .ဝိုင် စတာမျိုး)ဝယ်သွားပေးဖို့မမေ့ပါနှင့်
။
ထမင်းစားပွဲမှာ
မထိုင်ခင်နှင့် စားသောက်နေချိန်အတွင်းမှာ သင့်ရဲ့ Hand
phone ကို ပိတ်ထားဖို့မမေ့ပါနှင့် ။
ထမင်းစားပွဲမှာ
မထိုင်ခင် ကိုယ့်စားပွဲမှာ ထိုင်ကြမဲ့ သူများထက်အရင်မထိုင်မိဖို့သတိပြုပါ
။ဖြစ်သင့်တာက ကိုယ့်ကိုဖိတ်တဲ့သူက ထိုင်ဖို့ ပြောပြီးသူထိုင်ပြီးတဲ့အချိန်မှာ
ထိုင်ရပါမယ် ။စားပွဲတခုထည်း အမျိုးသမီးများအတူတူပါမယ်ဆိုရင်
သူတို့ထိုင်ပြီးမှထိုင်သင့်ပါတယ် ။ အမျိုးသမီးတဦးဦး အပြင်သွားဖို့
ထိုင်ရာမှထခဲ့လျှင် မိမိလည်းထရပ် ရပါမယ် ။ ပြန်လာပြီးထိုင်တော့မယ်ဆိုရင်လည်း
မိမိမှ ထရပ်ပြီးကြိုရပါမယ် ။

စားပွဲမှာထိုင်ပြီးပြီဆိုရင်
ကိုယ်ကို မတ်မတ်ထိုင်ရပါမယ် ။ထိုင်ခုံနောက်မှီလှန်ပြီးထိုင်တာမျိုးမလုပ်ရပါ ။
စားပွဲပေါ်ကို ကိုင်းငိုက်ပြီးလည်း မထိုင်ရပါ ။ လက်နှစ်ဘက်ကို
မိမိပေါင်ပေါ်တင်ပြီးထိုင်သင့်ပါတယ် ။ ထမင်းစားပွဲပေါ် တံတောင်ဆစ်ထောက်ပြီး
မေးထောက်ပြီး လုံးဝ မထိုင်ရပါ ။ လက်ဖဝါးများစားပွဲပေါ်တင်၍ ထိုင်နိုင်ပါသည် ။
စားပွဲခုံကို လက်ဖြင့်ခေါက်ပြီး စန္ဒယားတီးသလို
စည်းချက် လိုက်နေခြင်းမျိုးလုံးဝမလုပ်ရပါ ။
စပြီးစားကြတော့မယ်ဆိုရင်
သူများတွေစပြီးစားတဲ့အခါမှသာ စပြီးစားသင့်ပါတယ် ။ အိမ်ရှင်က
စားပါလို့ပြောတဲ့အချိန်ကို စောင့်ပါ ။တချို့ဒေသတွေမှာ စားသောက်ခြင်းမပြုမှီ
ဆုတောင်းတာတွေရှိတာမို့ အရင် မစားမိအောင် ဂရုပြုကြရပါမယ် ။
သင့်အတွက်
သင့်ရှေ့မှာခင်းထားတဲ့ ပန်းကန်တွေ ဇွန်းခက်ရင်းတွေကို သတိပြုပါ ။ သောက်စရာ ရေခွက်
ဝိုင်ခွက် စတာတွေဟာ သင့်ညာဘက်မှာ ရှိပါတယ် ။စားစရာတွေ ပေါင်မုန့် ထောပတ် တွေဟာ
သင်ရဲ့ ဘယ်ဘက် မှာရှိပါတယ် ။ သူတပါး ရေခွက် ပေါင်မုန့်တို့ကို
မှားစားမိတာမျိုးမဖြစ်ပါစေနှင့် ။
![]() |
ပေါင်မုန့်ခြင်း |
စားသောက်ဖွယ်ရာများကို
လက်ဆင့်ကမ်းလျှင် ညာဖက်သို့ ပေးရပါမယ် ။ဘယ်ဖက်မှကမ်းပေးလာသော
စားသောက်ဖွယ်ရာများကို မိမိအတွက်ထည့်ယူပြီးက ညာဖက်သို့ကမ်းပေးရမည် ။ စားစရာထည့်တဲ့
ဇလုံ သို့မဟုတ် ပေါင်မုန့်ထည့်ထားတဲ့ ခြင်းတောင်း စတာတွေကို သင့်ရဲ့ ဘယ်ဖက်မှ
လက်ဆင့်ကမ်းလာပါမယ် ။ခြင်းသို့မဟုတ် ဇလုံကို ကမ်းမယူမှီ သင့်အတွက် စားမဲ့
ပေါင်မုန့် ဒါမှမဟုတ် စားစရာကို သင့်ပန်းကန်ထဲသို့ အရင်ခပ်ထည့်ရပါမယ် ။ပြီးမှ
ခြင်း ဒါမှမဟုတ် ဇလုံကို လက်ဆင့်ကမ်းယူပြီး ညာဖက်သို့လက်ဆင့်ကမ်းပေးရပါမယ်
။ညာဖက်မှသူကလည်း သူ့အတွက် အရင်ခပ်ယူပြီးမှ သင့်လက်ထဲက ခြင်းကို ကမ်းယူပါလိမ့်မယ်။
အစားအစာတွေကို
မမြည်းကြည့်ခင် ဆား ငြုပ်ကောင်း စတာတွေကို မဖြူးထည့်မိပါစေနှင့် ။
အစားအသောက်ကို
ခေါင်းငုံ့ပြီးမစားပါနှင့် ။ ခန္ဓာကိုယ်ခပ်မတ်မတ် အနေအထားနှင့်ဇွန်းခက်ရင်းဖြင့်
စားစရာကိုပါးစပ်ဆီသို့ ယူ၍စားပါ ။
![]() |
တချို့စားသောက်စရာများဟာ လက်နဲ့ ကိုင်စားရတာမျိုးရှိပါတယ် ။ ဒီအခါမျိုးမှာ လက်ညှိုး လက်ခလယ် လက်မ စတဲ့ လက်ချောင်းသုံးချောင်းနဲ့သာ ကိုင်ပြီးစားရပါတယ် ။ လက်ချောင်းတွေကို ပါးစပ်နဲ့စုပ်စားတာမျိုးမလုပ်ရပါ ။အမြဲတန်းညာလက်ကို အသုံးပြုပါ ။
တတ်နိုင်သမျှ
ပါးစပ်ပြည့်အောင် ပလုပ်ပလောင်း မစားပါနှင့် ။ ပါးစပ်ပိတ်ပြီး
အစာကိုဝါးစားပါ။တပြပ်ပြပ် မမည်ပါစေနှင့် ။ ပါးစပ်အတွင်း အစာရှိနေချိန်
စကားလုံးဝမပြောပါနှင့် ။ နှာချေခြင်း ချောင်းဆိုးခြင်း တံတွေးသလိပ်ဟပ်ခြင်း
စတာတွေကို လုံးဝမလုပ်မိပါစေနှင့်။ အစာဝါးစားနေစဉ်အတွင်း အရည်တမျိုးမျိုးကို
မသောက်ပါနှင့်။ပါးစပ်အတွင်းမှ စားစရာကုန်မှ ရေသို့မဟုတ် အချိုရည်
စသည်တို့ကိုသောက်ရပါမယ် ။
စားသောက်နေစဉ်
ဇွန်းခက်ရင်း လွတ်ကျ ပြုတ်ကျခဲ့ရင် ကောက်ပြီးပြန်သုံးရန်စကြိုးစားပါနှင့်
အသစ်တောင်းယူပါ။ ဟင်းဖိတ်စင်သွားသည်များကို ကိုယ်တိုင် သုတ်သင်ခြင်းမလုပ်ဘဲ
စားပွဲထိုးအားခေါ်ပြီးခိုင်းပါ ။မိမိကြောင့် လွတ်ကျတာ စွန်းပေတာတွေဖြစ်ခဲ့ရင်
တောင်းပန်ပါ ။တောင်းပန်ဖို့ဝန်မလေးပါနှင့် ။
အရိုးများ
မစားချင်သော အကြွင်းအကျန်များကို စားပွဲပေါ်တင်မထားပါနှင့်
။မိမိမကြိုက်သောစားစရာများပါလာခဲ့လျှင် အနည်းငယ်စားပြီး ဟန်မပျက် ဘေးချထားရပါမည်
။မိမိနှင့်အတူစားသောက်နေသူတို့ကို အနှောက်အယှက်မဖြစ်ပါစေနှင့် ။
salt တောင်းလျှင် pepper ပါတွဲ၍
ပေးရသည့် ထုံးစံရှိပါသည် ။တောင်းယူသည့်အခါ
ကျေးဇူးပြုပြီး (please ) ကိုသုံးရပြီး
လက်ခံရပြီးလျှင် ကျေးဇူးတင်ပါတယ် (thank you) ဟုပြောရန်မမေံပါနှင့်။ ကျေးဇူးပြုပြီး (please )
, ကျေးဇူးတင်ပါတယ် (thank you), ခွင့်ပြုပါ (excuse me) , စတာတွေကိုသုံးဘို့မမေ့ပါနှင့်
။
မိမိဟာ
အစားအသောက်နှေးတဲ့သူ ဖြစ်တယ်ဆိုရင် သူများတွေနဲ့အမှီလိုက်စားနိုင်အောင်ကြိုးစားပါ
။အခြားအစားနှေးသူပါခဲ့လျှင်လည်း ထိုသူကို စောင့်စားပါ။အခြားသူတွေ
စားသောက်ပြီးစီးနေပါက မိမိစားလက်စအား အမြန်အဆုံးသတ်လိုက်ပါ။
![]() |
ဒီလိုလေးဇွန်းခက်ရင်းတွေတင်ထားတယ်ဆို စားပြီးပြီ ဆိုတာသိစေတယ်။ |
စားသောက်ပြီးတဲ့အခါ
မိမိစားသုံးခဲ့သည့် ဒါး နှင့် ခက်ရင်း ကို ပူးတွဲပြီး ပန်းကန်ပေါ်မှာ ညာဖက် မှ
ကန့်လန့်စောင်းစောင်းတင်ပြီး ထားခြင်းအားဖြင့် မိမိစားသုံးပြီးကြောင်း သိစေပါတယ် ။
စားသောက်ပြီးတဲ့အခါမှာ
စားသောက်ဖွယ်ရာများ အရသာရှိကြောင်း စားသောက်၍ ကောင်းကြောင်းပြောဖို့မမေ့ပါနှင့် ။
စားသောက်နေဆဲသူများရှိနေချိန်တွင်မိမိစားပြီး၍
စားပွဲမှ ထွက်မသွားပါနှင့် အားလုံးစားပြီးသည်အထိစောင့် ပါ။
ထမင်းစားနေစဉ်အချိန်မှာ
ဆေးလိပ်သောက်ခြင်း သွားကြားထိုးခြင်း နှာခေါင်းကုတ်ခြင်း ခေါင်းကုတ်ခြင်းများ
လုံးဝမလုပ်ရပါ။
စားသောက်ပွဲပြီးလို့
စားပွဲမှ ထွက်ရာတွင်လည်းအများနှင့်အတူ ထပြီးထွက်ပါ
။နောက်ချန်နေခဲ့ခြင်းမျိုးမပြုရပါ (မိမိသည်
ဖိတ်ကြားခံရသည့်ဧည့်သည်ဖြစ်လျှင်) ။စားသောက်ခန်းမှမထွက်ခွာမှီ
မိမိအားဖိတ်ကြားသည့် အိမ်ရှင်ကို နှုတ်ဆက်ရပါမည် ။ ဧည့်သည်များလွန်းသဖြင့်
အိမ်ရှင်အား နှုတ်ဆက်ရန်မဖြစ်နိုင်က နောက်တနေ့မနက်တွင် တယ်လီဖုန်းဖြင့်
ကျေးဇူးတင်ကြောင်း မဖြစ်မနေ ပြောရပါမယ် ။
ဒီလို
ရှုပ်ရှုပ်ထွေးထွေး ညစာစားပွဲတပွဲကို ဂုဏ်သရေရှိရှိ စားသောက်နိုင်ဖို့
လွယ်လွယ်ကူကူ လေ့လာနိုင်အောင် သိသလောက် ပြောပြရတာပါ ။
ကျန်တာလေးတွေလည်းရှိနိုင်သလို မလိုက်နာဘဲ ချန်ထားခဲ့လို့ရတာတွေလည်းရှိမှာပါ ။
ဘယ်လိုဘဲဖြစ်ဖြစ် အိနြေ္ဒ မပျက် စားသောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။
မှတ်ချက်
။ ။ ကြိုတင်လေ့ကျင့် စားသောက်ကြည့်ချင်တယ်ဆိုရင် ဟော်တယ်ကြီးများတွင်အဖေါ်အဖြစ်
လိုက်ပြီးစားသောက်ပေးနိုင်ပါတယ် ။