သတ္တဝါတွေအပေါ်
ကြင်နာသနားတတ်ကြတဲ့ သူတွေကို မကျေမနပ် ပြောခွင့်ရမယ်ဆို ပြောချင်ပါတယ်။
ကြင်နာသနားတတ်တာတွေက
သတ္တဝါတွေ တိရစ္ဆာန်တွေ အမျိုးအစားကော ခွဲခြားကြသေးလား ။
ကြင်နာသနားမှုအတိုင်းအတာ
အဆင့်ဆင့်တွေကော ခွဲခြားသေးသလားပေါ့ ။
အသတ်ခံရတော့မဲ့
တိရစ္ဆာန်တွေ ကို ညှာတာသနားပြီး ဇီဝိတ ဒါန အသက်ကယ်ကြတာကော
သတ္တဝါအဆင့်
တိရစ္ဆာန်အဆင့်ခွဲခြားပြီး ကယ်တင်တာမျိုးကောရှိကြသလား…။
အချိန်ကာလ
ဒေသအရပ်ပေါ်မှာကော ခွဲခြားပြီး သနားညှာတာ ကြင်နာစွာနဲ့ကယ်တင်တတ်ကြတာလား…။
မခွဲခြားဘဲ
မျှမျှတတ သတ္တဝါတွေကို ကြင်နာသနားတတ်တဲ့သူတွေကယ်တင်မဲ့သူတွေ ရှိမယ်ဆိုရင်တော့
ဒီတိရစ္ဆာန်တွေကို
ကယ်တင်ပေးကြပါဦးလို့မေတ္တာရပ်ခံချင်ပါတယ်..။
ပြောရရင်
မွေးကထည်က သေဖို့ရည်ရွယ်ပြီး ဘယ်အချိန် သေရမယ်လို့သတ်မှတ်ပြီးမွေးလာခဲ့ကြတာပါ ။
တနေ့တနေ့
အစုလိုက်အပြုံလိုက်မွေး အစုလိုက် အပြုံလိုက် သေနေကြရတာမို့
မွေးဖွားခြင်း
သေဆုံးခြင်းတွေက တကယ်မတုန်လှုပ်တော့တဲ့ကောင်တွေပါဗျာ။
ဒီလိုကောင်တွေအတွက်
သနားညှာတာပေးဖို့ ကြင်နာပေးဖို့ ကယ်တင်ပေးဖို့ပြောမယ်ဆိုတော့
အံ့သြစရာဖြစ်နေမလားဘဲ..။
မွေးလာကထည်းက
အချိန်တန်သေရမယ် သေပြီးတဲ့အခါ ငါ့အသားကို လူတွေစားကြမယ် ။
ငါ့ရဲ့မွေးဖွားခြင်း
သေဆုံးခြင်းတွေဟာ လူတွေအတွက် အကျိုးရှိလို့ ငါ့ရဲ့သေဆုံးခြင်းဟာ ဂုဏ်ယူစရာ..လို့တွေးမယ်ဆို သူရဲကောင်းစိတ်တောင်ဝင်လာမလားဘဲ..။
ခုတော့
ဒီလိုမဟုတ်လို့ …
ခင်ဗျားတို့ရဲ့
ကြင်နာသနားမှု ကယ်တင်မှု ကို တောင်းတမိတာပါ..။
သင်္ကြန်လို
အခါကြီး ရက်ကြီးတွေမှာ ဇီဝိတဒါန ဆိုပြီး နွားသတ်ရုံ ရောက်တော့မဲ့ဆဲဆဲ
နွားတွေ
နအိုတွေကို ကယ်တင်ပြီး ဘေးမဲ့ခြံတွေမှာ လွှတ်ကြတာဆိုတဲ့သတင်းတွေ
ငါးလွှတ်ပွဲတွေ
သိုက်သိုက်ဝန်းဝန်းလုပ်ပြီး ကြင်နာသနားမှုတွေကို ဖေါ်ပြနေကြတာတွေ…
မကြာခင်ရက်ကမှ
တရုပ်ပြည်ကို
ရောင်းဖို့ဖမ်းထားတဲ့ခွေးတွေဆိုလား
စည်ပင်သာယာက
ခွေးရူးရောဂါ ကာကွယ်ရေးအတွက်ဆိုလား
လေလွင့်ခွေးတွေကို
ဖမ်းထားတဲ့ ခွေးတွေကို
အထက်အညာကနေ
အောက်အကြေရောက်အောင်
ကယ်တင်ပေးခဲ့ကြတယ်ဆိုတဲ့သတင်းတွေ
ဒီလို
သတင်းတွေကြားတော့
အချိန်မတန်ခင်
သေကြရတဲ့
လူတွေစားဖို့ရာ
ဂုဏ်ယူစွာ မသေကြရတဲ့
တိရစ္ဆာန်တွေ
အတွက် စောဒကတက်လို့
မေတ္တာထား
ကြင်နာသနားစွာနဲ့
ကယ်တင်ပေးကြဖို့
မေတ္တာရပ်ခံလိုက်ပါတယ်..။
အော်
..ကယ်တင်စေချင်တဲ့ တိရစ္ဆာန်တွေလား…
ကြက်တုတ်ကွေး
H5 N1 ဖြစ်နေတဲ့ ကြက်တွေ
ရောဂါဖြစ်လို့
ကုတ်ကုတ်လေးမှိုင်နေတဲ့ကြက်တွေ..
ကုစရာဆေးမရှိလို့
ဆိုပြီး ဒီအတိုင်းပစ်ထားခံရတဲ့ကြက်တွေ
ရောင်းလို့မရမဲ့အတူတူ
အစာဖိုးအကုန်မခံတော့ဘူးဆိုတဲ့
ခြံရှင်တွေကြောင့် အငတ်ခံနေရတဲ့ကြက်တွေ
ပိုဆိုးတာက
အရှင်လတ်လတ် ဆာလာအိတ်ထဲထည့်ပြီး
မြေမြုပ်ခံရတဲ့
ကြက်တွေ..ပေါ့ဗျာ..
နွားသတ်ရုံပို့ခံရတဲ့
နွားတွေနဲ့စာရင်…
လမ်းဘေးကကယ်တင်လိုက်တဲ့
ခွေးလေခွေးလွင့်တွေနဲ့စာရင်..
အရေအတွက်လည်းများပါတယ်..
လူတွေကို
အကျိုးပြုတာတွေလည်းများပါတယ်..။
ဘယ်လိုပြောပြော
ဒီတိရစ္ဆာန်တွေကို
ကြင်နာစွာနဲ့
ကယ်တင်သင့်ပါတယ် ..
သူတို့မျိုးနွယ်တွေရဲ့
အသားကို စားခဲ့ကြဘူးသူတိုင်း
လစ်လျှူမရှု
သင့်ပါဘူးဗျာ….။