စိတ်ဖိစီးမှု ဆိုတာ
စွမ်းဆောင်နိုင်မှုတွေကို ဖျက်ဆီးပြစ်ပြီး ဒီပူပင်ကြောင့်ကြစိတ်တွေကြောင့် ဘဝရဲ့
အရေးပါမှုတွေကို ဆုံးရှုံးစေပါတယ် ။ဒါ့ကြောင့် စိုးရိမ်ပူပန်စိတ်တွေ စိတ်ဖိစီးမှုတွေ
ဖြစ်လာရင် ဒီစိတ်တွေကို ဘယ်လိုဖြေဖျောက်နိုင်မလဲဆိုတဲ့နည်းတွေကို
ရှာဖွေဖို့လိုပါတယ်။ဒါက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။
မကောင်းတဲ့
စိုးရိမ်ကြောင့်ကြမှု စိတ်ဖိစီးမှု စိတ်သောကရောက်မှု ပူဆွေးသောက ဗျာပါရနဲ့
စိတ်မလျှော့နိုင်တာတွေက တကယ့် ပြဿနာတွေအဖြစ်နဲ့ ဒီနေ့ခေတ်မှာ လူတိုင်း
ရင်ဆိုင်နေကြရပါတယ် ။
ခုတော့
ဒါတွေကို တစစီခွဲပြီး လေ့လာရင်း ပူပင်ကြောင့်ကြစိတ်တွေ စိတ်ဖိစီးမှုတွေကို
တထစ်ခြင်းဖြေလျှော့နိုင် အောင် လုပ်ကြည့်မှာပါ ။
မခံစားနိုင်တဲ့
ဖိအားပေးမှုကြောင် စိတ်ဖိစီးမှု ဖြစ်တတ်ပါတယ် ။
ပုဂ္ဂလိက
ခံစားချက်တွေ စိတ်ဖိစီးမှုတွေက အလုပ်ထဲမှာ လုပ်နေကျ မဟုတ်တဲ့ အလုပ်ကိုလုပ်ရတာတွေ
နေထိုင်နေတဲ့ ကိုယ့်ပတ်ဝန်းကျင် သဘာဝပြောင်းလဲလာတာတွေ ကိုယ်နေထိုင်နေကျပုံစံကနေ
ပြောင်းရတာတွေ ကြောင့်လည်း ဖြစ်တတ်ပါတယ် ။
မိသားစု
မိတ်ဆွေအပေါင်းအသင်းတွေကလည်း စိတ်ဖိစီးမှု စိတ်သောကရောက်အောင် စိုးရိမ်ပူပန်အောင်
အမျိုးမျိုး လုပ်တတ်ကြပါတယ် ။ သူတို့ရဲ့ အပူတွေက တခါတခါ မိမိကို တိုက်ရိုက်
ပူပင်စေတတ်ပါတယ်။
လုပ်ဖေါ်ကိုင်ဖက်
မိတ်ဆွေအပေါင်းကလည်း သူတို့အပူ ကိုယ့်အပူဖြစ်အောင် လုပ်တတ်တဲ့ သဘာဝလည်းရှိပါတယ် ။
အဲဒီလိုကနေ
ရလာတဲ့ စိတ်ဖိစီးမှုတွေက ပျောက်မသွားဘဲ ကိုယ်ရောစိတ်ပါ ထဲထဲဝင်ဝင်
တွေးတောကြည့်ပြီဆိုရင် ဖြေလျှော့မသွားဘဲ တဖြည်းဖြည်းတိုးလာပြီး အစိုင်အခဲလို
ကြိတ်မနိုင် ခဲမရ ဖြစ်လာပါတယ် ။
စိတ်ဖိစီးမှု
သေးသေးလေးကို လစ်လျှူ မရှုဘဲ တွေးရင်းတွေးရင်း အဲဒီစိတ်ပေါ်မှာ ခံစားမှု
အားကြီးလာရင် စိတ်ပူပန်သောက ဖြစ်လာပါတယ် ။ ဒီပူပင်သောကစိတ်ဟာ သင့်ခန္ဓာကိုယ်ကို
တိုက်ရိုက် လေးလံပင်ပန်းနွမ်းနယ်ခြင်းတွေ ဖြစ်စေပါတယ် ။
ဒီလိုဖြစ်လာတဲ့အခါစိတ်ဖိစီးမှုကို
လျှော့ချဖို့ နည်းလမ်းတွေကို ရှာကြည့်ပါတယ် ။သူ့ဒေသ သူ့ဓလေ့နဲ့ ဖြေလျှော့နည်း အစုံစုံ ရှိပေမဲ့
အခုတွေ့တဲ့နည်းက ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပေးရုံနဲ့ ကိုယ်ရော
စိတ်ပါကြည်နူးမှုနဲ့ ပေါ့ပါးလန်းဆန်းစေတာကြောင့် မျှဝေပေးလိုက်ပါတယ်။
ပထမ
အစမှာတော့ ဖြေလျှော့နည်း လေ့ကျင့်ခန်းကို လဲလျှောင်းပြီး လေ့ကျင့် ရင်
ကောင်းပါတယ် ။ အလေ့အကျင့်ရရင်တော့ ဘယ်နေရာ ဘယ် ပုံစံနဲ့မဆို ဖြေလျှော့တဲ့အလုပ်ကို
လေ့ကျင့်ခန်းလုပ်သလိုမဟုတ်ဘဲ သင့်ခန္ဓာကိုယ်ကို လွယ်လွယ်ကူကူ ပြေလျှော့ ပေါ့ပါး
စိတ်ရွှင်လန်းစေပါလိမ့်မယ်…။
လွယ်ပေမဲ့
အခြေခံကို တဆင့်ခြင်းစီ လေ့ကျင့် ဖို့တော့လိုပါတယ် ။ အဆင့်
ကျော်ပြီးကျန်ခဲ့မယ်ဆို သင့်ရဲ့ စိတ်ဖိစီးမှု ဖြေလျှော့ခြင်းဟာ
ထင်သလောက်လျှော့ကျမှာမဟုတ်ပါဘူး ။ သတိပြုပြီး လုပ်ခြင်းဟာလည်း သင့်စိတ်ကို
အလွယ်တကူ ပေါ့ပါးလာစေမှာဖြစ်ပါတယ် ။
စပြီးလုပ်တော့မဲ့
အခါမှာတော့ တိတ်ဆိတ်ပြီး အဆင်ပြေပြေ လဲလျှောင်းလို့ရတဲ့နေရာလေးလိုပါတယ်။
အဆင့်တစ်
သက်တောင့်သက်သာဖြစ်စေမဲ့
အဝတ်အစားနဲ့ ဖျာ ဒါမှမဟုတ် အခင်းပေါ်မှာ
လဲလျှောင်းပါ ။ခေါင်းအုံးပါပါ မပါပါ အဆင်ပြေပြေ သက်သက်သာသာနဲ့
အကြောတွေကိုလျှော့ပြီး လှဲအိပ်ပါ ။
အဆင့်နှစ်
အသက်ရှူပါ ။ အသက်ကို
ဖြေးဖြေးရှူသွင်းပါ။ဝမ်းဗိုက်အတွင်းထိ လေကို ရောက်အောင်ရှူသွင်းပါ ။
ဝမ်းဗိုက်ထဲမှလေကို ဖြည်းဖြည်းခြင်းပြန်ထုတ်ပါ ။ ကိုယ်ကို တောင့်မထားဘဲ
ခြေလက်တွေကို ဘေးမှာ ချထားလိုက်ပါ ။ အံမကြိတ် မျက်မှောင်မကုပ် ဇက်ကြီးတောင့်မထားပါနှင့် ။ လွယ်လွယ်ပြောရရင် ခန္ဓာကိုယ်ကို ကြမ်းပေါ်
ဘုံးဘုံးကြ ချထားလိုက်ပါ ။
အဆင့်သုံး
လေ့ကျင်ခန်းစကြရအောင်..။ လွယ်ပါတယ် အချိန်နဲနဲပေးရမယ်လို့
စိတ်ထဲမှတ်လိုက်ပါ ။ မလောပါနဲ့ ။ အဆင့်နှစ်မှာလို အသက်ရှူတာကိုတော့ မှန်မှန်လေး
လုပ်နေရပါမယ်။
အောက်မှာ
ဖေါ်ပြပေးမဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခြင်းစီမှာရှိတဲ့ ကြွက်သားတွေကို
စက္ကန့်အနည်းငယ်စီလောက် တောင့်ပြီး ညှစ် ထားပေးပါ ။
စက္ကန့်အနည်းငယ်ကြာလာရင်
လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
ကြွက်သားကို
ညှစ်လိုက် ခဏကြာရင် ဖြေလျှော့လိုက် နဲ့ တစ်နေရာကို နှစ်ကြိမ်လောက် လုပ်ပေးပါ။
အဲဒီနေရာလေး
ပူနွေးလာတာကို ခံစားရပြီဆို နောက်တစ်နေရာပြောင်းလိုက်ပါ။
အစဉ်လိုက်လုပ်ပေးရမဲ့
ခန္ဓာ အစိတ်အပိုင်းများ
- ဘယ်
ခြေဖဝါး….ခြေချောင်းလေးတွေကို ကွေးကုတ်ပြီး ကြွက်သားကို ညှစ်ပေးပါ
။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
- ဘယ်
ခြေသလုံး ….. ကြွက်သားကို ညှစ်ပေးပါ ။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ
ပြန်လျှော့ပေးလိုက်ပါ ။
- ဘယ်
ပေါင် …... ကြွက်သားကို ညှစ်ပေးပါ ။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ
ပြန်လျှော့ပေးလိုက်ပါ ။
- ညာ
ခြေဖဝါး....ခြေချောင်းလေးတွေကို ကွေးကုတ်ပြီး ကြွက်သားကို ညှစ်ပေးပါ
။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
- ညာ ခြေသလုံး ….. ကြွက်သားကို ညှစ်ပေးပါ
။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
- ညာ ပေါင် …... ကြွက်သားကို ညှစ်ပေးပါ
။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
- တင်ပါးဆုံ…… ကြွက်သားကို ညှစ်ပေးပါ
။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
- ဝမ်းဗိုက်
…... ကြွက်သားကို
ညှစ်ပေးပါ ။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
- ဘယ်လက်….လက်သီး
ကျစ်ကျစ်ပါအောင်ဆုတ်ပါ ။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
- ဘယ်လက်မောင်း... ကြွက်သားကို
ညှစ်ပေးပါ ။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
- ညာလက်….လက်သီး
ကျစ်ကျစ်ပါအောင်ဆုတ်ပါ ။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
- ညာလက်မောင်း…. ကြွက်သားကို
ညှစ်ပေးပါ ။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
- ပုခုံးနှစ်ဘက်…..ဦးခေါင်းဘက်ကို
ညှစ်ပြီးတွန်းထိုးထားပါ ။စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ
။
- မျက်နှာ……..ပါးစပ်ကိုသမ်းဝေသလို
အကျယ်ကြီးဟပြီးခဏနေရင် ပြန်လျှော့ပေးပါ ။ နှုတ်ခမ်းစူ မျက်မှောင်ကျုံ့ပြီး
စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ ပြန်လျှော့ပေးလိုက်ပါ ။
အံကြိတ်ပြီး
မျက်နှာမှာ ရှိတဲ့ ကြွက်သားအားလုံးကို တင်းထာပြီး စက္ကန့်အနည်းငယ်ကြာလာရင် လုံးဝ
ပြန်လျှော့ပေးလိုက်ပါ ။
အဆင့်လေး
ဒီလို
ကြွက်သားတွေကို အဆင့်ဆင့် ဖြေလျှော့တဲ့ လေ့ကျင့်ခန်းကို လုပ်ပြီးသွားရင်
ချက်ခြင်းမထဘဲ ၁၀မိနစ် ၁၅မိနစ်လောက် အေးအေးဆေးဆေးအနားယူရပါမယ် ။ ပြီးမှ အိပ်ရာက
ထမယ်ဆိုရင်လဲ ဖြေးဖြေးညင်ညင်သာသာနဲ့ ခြေလက်တွေကို လှုပ်ရှားပြီးမှ ထရပါမယ် ။
ဒီအဆင့်တွေလုပ်ပြီးတဲ့အခါ
သင်သတိမထားမိဘဲ သင့်ရဲ့ စိတ်ဖိစီးမှုတွေ ပင်ပန်းနွမ်းနယ်မှုတွေက ပြေပျောက်ပြီး
လန်းဆန်းတက်ကြွနေတာကို ခံစားရမှာပါ ။
ဒီလေ့ကျင့်ခန်းတွေက
အစပိုင်းမှာ အချိန်ယူ နေရာရွေးပြီး အလေ့ကျင့်ဖြစ်အောင် လုပ်ရမှာဖြစ်ပြီး
ကြာလာတဲ့အခါမှာတော့ စိတ်ပင်ပန်းတဲ့အခါတွေမှာ ရုံးစားပွဲ ကုလားထိုင်မှာ
ထိုင်ပြီးလဲ အဆင့်ဆင့် ဖြေလျှော့သွားလို့ရနိုင်ပါတယ် ။
ကြွက်သားတွေ
တင်းတယ် ဖြေလျှော့ပေးတယ်ဆိုတဲ့ လေ့ကျင့်ခန်းကို အခြေခံပြီး အချိန်မရွေး နေရာမရွေး
ဖြေလျှော့တတ်သွားမယ်ဆိုရင် သင့်အတွက် စိတ်ဖိစီးမှုတွေ စိတ်ပင်ပန်းမှုတွေ ဖြစ်လာဖို့
မရှိတော့ဘူးလို့ပြောနိုင်ပါပြီ…။
စိတ်ဖိစီးမှုများပြေပျောက်ပြီး ရွှင်လန်းချမ်းမြေ့တဲ့ ဘဝကို ရနိုင်ကြပါစေ....။