ဒီရက်ထဲတောင်ကြီးမြို့ကို ကသုတ်ကရက် သုံးရက်ခရီးရောက်ခဲ့ပါတယ် ။
တောင်တက်ခရီး အထူးကားစီးပြီး တက်ရတာ ညဖက်လည်းဖြစ်
ကျွမ်းကျင်လွန်းတဲ့ ယာဉ်မောင်းလည်းဖြစ်တော့
အရှိန်ပြင်းပြင်း မညှာမတာ အကွေ့အဝိုက်တွေကို
ကွေ့ကာ ဝိုက်ကာ မောင်းလေတော့ ဟော်တယ်အရောက်မှာ
တစ်ပုလင်းလုံးကို တစ်ယောက်ထည်း သောက်ထားတဲ့ အရက်သမား မူးသလို...
တောင်ကြီးမြို့ရဲ့ အလှကို ခံစား ခဲ့ရပါတယ်...။
နေထွက်ချိန်ရောက်တော့ အောင်ပန်းမြို့ နဲ့ နီးလာပြီ...
အေးသာယာမြို့ အဝေးပြေးကား ရပ်ပြီး တောင်ကြီးမြို့ပေါ်တက်တော့ အတော်လေး လင်းနေပါပြီ...။
သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှုရပြီး
တစ်မြို့လုံး နေရာအနှံ့မှာ ရောင်စုံ ပန်းတွေနဲ့ ဝေဝေဆာဆာ တွေ့ရပြန်တော့
ပင်ပန်းလာသမျှ ပြေသွားရတော့တယ်..။
ပန်းတွေပွင့်လိုက်တာကမှ ပွင့်နေကြ မြင်နေကြပန်းတွေအပြင်
ရှားရှားပါးပါးတွေ့ရခဲတဲ့ သစ်မင်း ပင်က ပန်းတွေပွင့်နေတာကိုလည်း တွေ့ခဲ့ရပါတယ်..။
ရွှေဘုန်းပွင့် ဘုရားတောင်ပေါ်က မြင်ရတဲ့ တောင်ကြီးမြို့ ရဲ့ မြင်ကွင်းကျယ်..
ခရီးအစက ပင်ပန်းပေမဲ့ မြို့အလှက အပန်းပြေစေတဲ့ တောင်ကြီးမြို့ပါ..
နွေဦးရဲ့ တောင်ကြီးခရီး အစပါ ။