Wednesday, September 28, 2016

မကြာမီ ပျောက်ဆုံးသွားလိမ့်မည်

ဖြစ်ပေးနေတဲ့ အခြေအနေကို သုံးသပ်ပြီး ကျွန်တော်ရဲ့ ဖော်မြူလာမှာ ထည့်ကြည့်ရင်တော့
မကြာမီမှာ ကမ္ဘာပေါ်က ကိုးကွယ်နေတဲ့ ဘာသာကြီးတခုက ပျောက်သွားတော့မယ်..။
ကွန်မြူနစ်စနစ်နဲ့ အတူ ဆိုဗိယက် ပြည်ထောင်စုကြီး ပြိုကွဲ ပျက်စီးသွားမှာကိုလဲ ၁၀နှစ်လောက်ကြို တွက်လို့ရခဲ့တယ်..။
ခုလဲ တွက်ပြပါ့မယ်..။
၁ ။  ။ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ  အမျိုးသမီး ခေါင်းဆောင်တွေ တဖြည်းဖြည်းနဲ့များလာပြီ..
ဒီအချက်က အမျိုးသမီး ထုရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင် တဲ့ ဘာသာရေးကို တိုက်ရိုက် ဖိအားပေးလိမ့်မယ်..။
၂ ။  ။ နိုင်ငံတကာက အကြမ်းဖက်မှုတွေကို ကန့်ကွက်ရုံမက ပူပေါင်းတိုက်ခိုက်မှုတွေလုပ်လာပါပြီ..။
ဒီအချက်က အကြမ်းဖက်ဝါဒကို မွေးထုတ်ပေးတဲ့ ဘာသာရေးကို တိုက်ရိုက် ဖျက်ဆီးလိမ့်မယ်..။
၃ ။  ။ ဘာသာဝင်အချင်းချင်း ဂိုဏ်းဂဏ စိတ် ပြင်းထန်လာပြီး ဘာသာတွင်း တိုက်ခိုက်မှုတွေ များလာပြီ..။
ဒီအချက်က ကိုးကွယ်သူ လူထုအတွင်း အန္တရာယ်ကို ရှောင်ဖို့ ဘာသာကို အယုံအကြည်လျှော့နည်း လာလိမ့်မယ်..။
၎ ။  ။ အသိပညာခေတ် မှာ ပညာတတ်များ မျက်ကန်းယုံကြည်မှုကို စွန့်လွှတ်မှု များလာပြီ..။
ဒီအချက်က ခေတ်ပညာတတ်လာလေလေ ဘာသာရေးပေါ်ယုံကြည်မှုလျှော့နည်းလေလေ ဘာသာရေး ဆိတ်သုဉ်းလာလေလေဖြစ်မယ်..။

ဒီဘာသာရဲ့ အဓိက အားနည်းချက်က ဘာကြောင့် ဘာကို လုပ်ရတယ် ဆိုတဲ့ အကြောင်းပြချက်မရှိတာဘဲ.။
ဘာသာရေးခေါင်းဆောင်တွေရဲ့ ခိုင်းစေတဲ့အတိုင်း လိုက်လုပ်တာဟာ သူတို့ရဲ့ ကုသိုလ် အလုပ်ဘဲဖြစ်တယ်တဲ့..
သတ္တဝါကို သတ်ပြီး ရှိခိုးရင် ကုသိုလ် ရတယ် လို့ ဘာသာရေးခေါင်းဆောင်တွေက ပြောတာကို အတွန့်မတက်ဘဲ တယောက်နဲ့တယောက် အပြိုင် သတ်ပြီး ကုသိုလ်ယူကြတယ်..။
ကိုယ်မှာ ဗုံးချည်ပြီး အသေခံဗုံးခွဲ ရင် ဘာသာရေးအတွက် လုပ်တာမို့ မြတ်တယ်လို့ ခေါင်းဆောင်တွေက ပြောလဲ ဟုတ်မဟုတ် မဆုံးဖြတ်ဘဲ လုပ်ကြတာဘဲ.. ။
အဲလိုဖြစ်နေတဲ့ခေတ်မှာ အမေတွေဟာ ဘာသာရေးမှိုင်းနဲ့ သေသွားတဲ့ သားတွေ ကို အလွမ်းမပြေကြဘူး..။
ဒါပေမဲ့ အဲဒီအမေတွေကလဲ ဖိနှိပ် ချုပ်ချယ် နှိပ်စက်ခံ လူ့အခွင့်အရေးမဲ့ နေတဲ့ ဘဝမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဘဲ..။

ခုတော့ ကမ္ဘာမှာ အမျိုးသမီး အခွင့်အရေးတောင်းဆိုမှုတွေ များလာပြီ..။
အမျိုးသမီး ခေါင်းဆောင်တွေ ပေါ်လာပြီ..။
နိုင်ငံတကာ က အမျိုးသမီးတွေ နေရာတခုကို ရလို့ အာဏာတချို့ကို ရလာကြပြီ..။
သူတို့တွေက ဘာသာရေးနဲ့ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေကို ကယ်တင်မယ်..။
ဖိနှိပ်ခံ အမျိုးသမီးတွေရဲ့ သားသမီးတွေကို အဲဒီလောင်းရိပ်အောက်က ဆွဲထုတ် ကြလိမ့်မယ်.. ။
နောက်ဆုံး ဒီဘာသာရေး ကြောင့် ဒါတွေဖြစ်ရတယ်ဆိုတာ သိလာရင် ဒါကြီးကို ချေမှုန်းပစ်ကြတဲ့ အဆင့်ရောက်သွားမှာပါ.. ။

အမေရိကန် နိုင်ငံရဲ့ ဒီတခါရွေးကောက်ပွဲမှာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ပေါ်ပေါက်လာခဲ့ရင် ကျွန်တော်တွက်ထားတဲ့ အချက်တွေက မှန်ကန်ကြောင်း သက်သေပြလာပါလိမ့်မယ်.။

မှတ်ချက် ။  ။ ကျွန်တော် အတွေးလွန်တာလဲ ဖြစ်ချင်ဖြစ်မှာပါ.. ။
ဒါပေမဲ့ ဒါက မဖြစ်မနေ ဖြစ်လာမဲ့ကိစ္စပါ..။