Sunday, March 25, 2012

ခရီးသွားများ

ရာသီချိန်ခါ နဲ့ တွက်ကြည့်မယ် ဆိုရင်လဲ ကျွန်တော်တို့ဆီက တနှစ်မှာ သုံးရာသီ လည်ပါတ်နေတယ်လေ ။ တစ်ဆယ့်နှစ်လရာသီချိန်ခါ မှီ ကြည့်ပြန်တော့ နွေ မိုး ဆောင်း အလီလီ ပြောင်းနေပြန်တယ် ။ တနှစ် တနှစ် ပြောင်းရွှေ့ ကုန်ဆုံးသွားတာတွေ နှေး တယ် မြန်တယ် တွေးပြီး လွမ်းဆွေးနေသူတွေထဲမှာ ကျွန်တော်တို့တတွေ သီကာသီကာပါနေကြပြန်တယ် ။ မိုးကုန်လို့ ဆောင်းကိုကူး တဆောင်းသစ်လို့ ဖြင့် အေးအေးချမ်းချမ်း လေး အတွေးပြည့်မယ် စိတ်ကူးနေတုန်း ဗြုန်းစားကြီး နွေဦး ရောက်လာပြန်တယ် ။ နှစ်သစ် သင်္ကြန်နဲ့အတူ အပူနွေကို ကျော်ဖြတ်ပြီး ရာသီတပါတ် လည်ပါတ်သွားပြန်ရောပေါ့ ။ အပူရာသီမှာ မနက်နေထွက်တပြူထိတော့ နေသာထိုင်သာ အပူဒဏ်ကို ကျော်ဖြတ်နိုင်ပေမဲ့ နေ့ခင်းရောက်မှာ တခါတခါ တွေးကြောက်နေသလိုပါဘဲ ။ နေလေးစောင်းလာခဲ့ရင်ဖြင့် အနောက်လေပြန်လို့ လေအေးလေးများ တိုက်လာပလား ဆို တွေးမျှော်လို့ တနေကုန် ပြန်ပါရောလား ။ နေဝင်သွားပြန်တော့လဲ အမှောင်ထုကိုကျော် နေထွက် ကိုမျှော်ကြပြန် ။ တနေ့တရက် တနေဝင် တနေထွက်နဲ့ ပူတခါ အေးတလှည့် စိုတခါ ခြောက်တလှည့် ဥတုရာသီ အလီလီ ပြောင်းပြောင်းသွားလိုက်တာ တချို့ကြတော့ မြန်လိုက်တာ တချို့ကတော့ ကုန်ခဲ လိုက်တဲ့ အချိန်တွေလို့ တွေးနေကြမှာ အမှန်ပါဘဲ ။ တကယ်တော့ ကျွန်တော်တို့တွေက ဘာတွေလဲ လို့ သတိပြု တွေးမိကြမယ် မထင်ဘူး ။ ကျွန်တော်တို့တွေက အချိန်ကာလ ဆိုတာကြီးကို စီးနင်းပြီး ခရီးသွား ကြတာ ဆိုရမယ်ထင်ပါတယ် ။ ကျွန်တော်တို့က တကယ် ခရီးသွားတွေလား..? ။ အချိန်ကာလ ကိုစီးပြီး ခရီးသွားနေကြတာလား.? ။ ဒါဆို ဘယ်ခရီးကို သွားနေကြတာလဲ..?။ ဘာသာရေး နဲ့ သဘာဝ အရဆိုရင်တော့ မွေးဖွားခြင်း က ခရီးစလို့ သေဆုံးခြင်း ခရီးဆုံးကို သွားနေကြတာလား..? ။ ကျွန်တော်တို့ အချိန်ကာလ ကို စီးနင်းရင်း ခရီး သွားနေသလို ကမ္ဘာမြေကြီး ကို စီးနင်းရင်း စင်္ကြာဝဠာ ခရီးကို တွင်တွင်ကြီး နှင်နေကြပါတယ်။ သတိမထားမိခင်လေးမှာကို မခန့်မှန်းနိုင်တဲ့ခရီးကို ရောက်နှင့်ပြီးနေပြီ ။ ဘယ်ကိုသွားမလဲ..?။ ဘယ်တော့ ရောက်မယ်မှန်းမသိတဲ့ ခရီးရှည်ကြီးကို ကျွန်တော်တို့ သွားနေကြတဲ့ ခရီးသွားတွေပါဘဲ။ ဒါနဲ့များ ဘာကြောင့်... ကျွန်တော်တို့က ခရီးသွားချင်း အတူတူ ရိုင်းပင်း ကူညီမှု မလုပ်ကြတာလဲ.?။ ခရီးသွားချင်းအတူတူ ဒုက္ခ တွေကို မျှဝေခံစားခြင်း မလုပ်နိုင် ကြတာလဲ..?။

No comments:

Post a Comment