လိုချင်လား လို့
မေးရင် မလိုချင်ပါဘူးလို့ ဖြေတဲ့သူက ခပ်ရှားရှားပါဘဲ..။
ဘာမှန်းမှ မသိဘဲ
မလိုချင်ပါဘူးလို့ပြောတဲ့သူတွေလဲ ရှိတာဘဲ…။
ပြော
ဘာပေးမှာမို့လို့လဲ ဆိုပြီး မျှော်တလင့်လင့်နဲ့ သူတွေလဲ ရှိကြတာဘဲ.. ။
အလကားပေးပါ့မယ်လို့ပြောရင်
ဘာပါလိမ့်မလဲ ဆိုပြီး စိတ်ဝင်တစားနဲ့ ခေါင်းထောင်ကြည့်ကြမှာဘဲ..။
ပေါက်ဈေးထက်
သက်သာပါတယ် လို့ ပြောလာရင်လဲ ဘာပစ္စည်းမှန်းမသိ လိုချင်သွားပြန်ရော..။
ရှားပါးပစ္စည်းလေးမို့
နောင်အသုံးလိုမှာဘဲ ဆိုပြီး လိုချင်လိုက်တာဘဲ.. ။
ဒါလေး က
ပြန်ရောင်းရင် မြတ်မယ် လို့ ပြောရင်လဲ အသုံးလိုလို မလိုလို ရချင်ပြန်တာဘဲ..။
လိုချင်နေကြတာပါဘဲ…။
ကျွန်တော်လဲ
လိုချင်နေတာဘဲ.. ။
ခင်ဗျားလဲ
လိုချင်နေမှာဘဲ..။
ဟိုလူလဲ
လိုချင်နေမှာဘဲ …။
ဒီလူလဲ
လိုချင်နေမှာဘဲ..။
ကိုယ့်မိသားစုထဲမှာဘဲ
ကြည့်လိုက် ..
မိန်းမကလဲ
လိုချင်နေမယ်..။
သားကလဲ
လိုချင်နေမယ်..။
သမီးကလဲလိုချင်နေမယ်..။
…
…
အေးဗျာ…
ပုထုဇဉ် မို့လို
လိုချင်နေကြတာဘဲ.. ။
ဘယ်တော့မှ
ပြည့်စုံတယ်မရှိဘူး..။
အမြဲဘဲ
လိုချင်နေတာ..။
လောဘမရှိဘူးပြောလဲ
လိုချင်တဲ့ စိတ်က ရှိမှာဘဲ ..။
လောဘ
ကြီးတဲ့သူတွေကတော့ ပြောစရာမရှိဘူးပေါ့.. ။
…
..
အဲလို
လူတိုင်းလိုချင်နေကြတယ်ဆိုရင်..
ဘယ်သူက
ပေးမှာလဲ….။
ဘယ်သူကမှ
ပေးချင်စိတ် မရှိရင် ..
လိုချင်တဲ့သူတွေ
ဘယ်လိုလုပ်ကြမလဲ..။
လိုချင်သူတွေများလာလေလေ
လောကကြီးမှာ
အေးချမ်းမှု ဆိတ်သုဉ်းလေလေဘဲ..။
…
…
ဟုတ်ပါတယ် ..။
အဲဒါ အဖြေပါဘဲ..။
..
..
အဲလိုဘဲ ဗျ..။
ကမ္ဘာပေါ်မှာ
နိုင်ငံတွေကိုကြည့်လိုက်..
လိုချင်တာတွေ
များနေတဲ့ အရပ်တွေက မအေးချမ်းဘူး.. ။
လိုချင်တာတွေ
နည်းတဲ့ အရပ်တွေက အေးချမ်းမှုတွေ ရှာလို့ရတယ်..။
လှူချင် တမ်းချင်
ပေးကမ်းချင်တဲ့ သူတွေ ရှိတဲ့ အရပ်က ပြည့်စုံ လို့ အေးချမ်းတယ်ဗျ..။
ဒါ့ကြောင့်
ဘုရားရိပ်
တရားရိပ် လို့ပြောတဲ့ ဘာသာရေးနဲ့ ပါတ်သက်တဲ့နေရာတွေကို ရောက်တဲ့အခါ အလိုလို
ငြိမ်းချမ်းမှုတွေကို ခံစားရတာဘဲ..။
ကိုယ်တိုင်က
ပေးချင်ကမ်းချင် လှူချင်တမ်းချင် တဲ့ စိတ် ဖြစ်လာခဲ့ရင် ပိုပြီးအေးချမ်းတာကို
ခံစားရတယ်..။
ကိုယ်မှာဖြစ်နေတဲ့
အပူတွေ ငြိမ်းသွားသလို ခံစားရတယ်..။
…
..
ယုံကြည်ကိုးကွယ်ကြတဲ့
ဘာသာတိုင်းကတော့
လိုချင်တဲ့
စိတ်ကို အခြေခံပြီး ပူပင် သောက ကို ဖြစ်စေတယ်လို့ ပြောကြတာဘဲ.. ။
အဲဒီ
လိုချင်စိတ်ရဲ့နောက်ကမှ လောဘတွေ ဒေါသေတွေနဲ့ ဒုက္ခ ပင်လယ်ဝေကြတာဘဲ..။
လူသားအားလုံး
အတူတူ ဖြစ်ကြတာပါဘဲ..။
လူသားအားလုံးက
လိုချင်နေကြလို့ပါဘဲ..။
..
..
အဲဒီတော့..
သူတို့တွေလို လောဘ
ဒေါသ တွေ မဖြစ်ရအောင်
မလိုချင် ဘဲ
ပေးချင်တဲ့ စိတ် ဖြစ်အောင် လုပ်ကြပါ..။
ဘာဘဲဖြစ်ဖြစ်
လိုချင်တဲ့သူတွေအတွက် ကိုယ်က ပေးတဲ့သူဖြစ်ရင် မကောင်းဘူးလား..။
…
…
ကိုယ့်မှာ
မသုံးတော့တဲ့ ပစ္စည်းတွေ..
ကိုယ်မဝတ်ဖြစ်တဲ့
အဝတ်တွေ…
ကိုယ်မစားနိုင်တဲ့
အစားအသောက်တွေ..
ကိုယ်မစီးတဲ့ကားတွေ..
ကိုယ်မနေတဲ့အိမ်တွေ..
အဲဒါတွေကို
လိုချင်တဲ့သူတွေအတွက် ပြန်ပေးလိုက်ပေါ့.. ။
ကိုယ်လိုချင်လို့
ရယူထားတဲ့ ပစ္စည်းတွေ မဟုတ်လား..။
ပိုနေတာတွေကို
ပေးလိုက်ပါ အေးချမ်းသွားပါလိမ့်မယ်.. ။
..
…
အဓိက ကတော့
လိုချင်တဲ့သူတွေချည်းဘဲဆို ဘယ်သူက ပေးမှာလဲ.. ။
ပေးတဲ့သူမရှိဘဲ
လိုချင်တဲ့သူချည်းဘဲဆို တဘက်စောင်းနင်း လောကကြီး ဖြစ်ပြီပေါ့..။
..
..
အပေးနဲ့ အယူ ဘယ်နေရာမှာ နေမှာလဲ..
နေပူထဲမှာဘဲ ရပ်နေတော့မှာလား..
နေရိပ်ထဲမှာ မနေတော့ဘူးလား.. ။