Monday, May 8, 2017

ကျွန်တော် သိသော အင်ကြင်းပန်း

အင်ကြင်းပန်းတွေ ဝေဝေဆာဆာပင်လုံးကျွတ်ပွင့်နေတဲ့ လုမ္ဗနီ တောလို့မြင်ကြည့်လိုက်တော့ ခုသိနေတဲ့ အင်ကြင်းပင်တွေဆိုတာ ပင်လုံးကျွတ် မပွင့်ကြဘဲ ပင်စည်မှာ ကပ်ပြီး ပွင့်နေကြတာတွေ့တော့ စိတ်ထဲ ဘဝင်မကျ ဖြစ်မိတယ်
အင်ကြင်းကို ပါဠိဘာသာနဲ့ “သာလ” လို့ ခေါ်ပြီး အင်္ဂလိပ်လို Sal tree လို့ပဲ အသံဖလှယ်ပြီးခေါ်ပါတယ်။ ရုက္ခဗေဒ အမည်ကတော့ Shorea robusta ပါ။
အင်တာနက်ပေါ်မှာ Sal tree, Shorea robusta ဆိုပြီး ရှာကြည့်ရင် ပင်စည်နားမှာကပ်ပြီး လိမ္မော်နဲ့ အနီရောင် အပွင့်ကြီးတွေ ပွင့်လေ့ရှိတဲ့ Cannon ball tree (ရုက္ခဗေဒအမည် Couroupita guianensis) တွေပဲ ထွက်လာတာ များပါတယ်။ အမြောက်ဆံလို အညိုရောင် အသီးလုံးကြီးတွေ ပင်စည်မှာ ကပ်ပြီး သီးလေ့ရှိတဲ့အတွက် Cannon ball tree လို့ခေါ်တာပါ။
မဟာဂေါသိင်္ဂသုတ်မှာ ပင်လုံးကျွတ်ပွင့်နေတဲ့ အင်ကြင်းပန်းတွေရဲ့ ရနံ့ကို နတ်ပန်းရနံ့နဲ့ တင်စားထားပါတယ်။ ဖြောင့်စင်းတဲ့ ပင်စည်၊ စိမ်းညိုရောင် အရွက်ရှိပြီး၊ အကိုင်းအခက်တွေက အထက်မိုးတိမ်မှာ အချင်းချင်း ရောယှက်နေကြတယ်လို့ အင်ကြင်းပင်ရဲ့ပုံစံကို သောဏကဇာတ် (ဇာတကအမှတ် ၅၂၉) ဂါထာမှာ ရေးဖွဲ့ထားပါတယ်။ ( http://sonata-cantata.blogspot.com/2013/05/ )
ဒီ ဘလော့ ထဲ ရှာဖတ်ကြည့်ပြီး ကိုယ်တိုင်ရှာကြည့်တဲ့ အခါ ဒီလိုတွေ တွေ့ရတော့ အမှတ်မှားနေကြတာလေး ပြင်ပေးချင်တာပါ..
အားလုံးနဲ့ အတိုက်အခံ လုပ်ပြီး ငြင်းရအောင်တော့ သက်သေမပြည့်စုံလို့ ကြိုပြီး အရှုံးပေးထားပါတယ်နော..

https://en.wikipedia.org/wiki/Couroupita_guianensis






ခုပြောချင်တဲ့ အင်ကြင်းပန်းက 
https://en.wikipedia.org/wiki/Shorea_robusta







ပန်းပွင့်နဲ့ အပင်ပုံတွေကိုကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ ပေါက်နေတဲ့ လူသိများတဲ့ အနန်းပန်း ပင်နဲ့တူနေပါတယ်.. 
အနန်းပင်တွေက ဖားအောက်တောရ ပင်မ (မော်လမြိုင် ) အဝင်လမ်းမှာ စီတန်းပေါက်ရောက်နေတာတွေ့ရပြီး ပန်းပွင့်ချိန်မှာ လမ်းတလျှောက်လုံး မွှေးကြိုင်နေတာကို ရောက်ဖူးသူတိုင်း သတိပြုမိကြမှာပါ.. 

အင်ကြင်းပန်းရနံ့ မွှေးပျံ့ကြိုင်လှိုင်ပါစေ.. 
မေတ္တာဖြင့်...
နွေဦးသစ်စိမ်း ။



No comments:

Post a Comment