Monday, September 30, 2013

တို့တိုင်းပြည်က အသစ်....

ပစ္စည်းတွေ ဝယ်ရမယ် သုံးရတော့မယ်ဆို ဘယ်တော့ဖြစ်ဖြစ်
အသစ်စက်စက် ဂျပ်ပုံးက ချွတ်သုံးရမဲ့
အသစ် ဂျပ်ချွတ် ဆိုတာကို သုံးချင်ကြတာဘဲ...
ပြီးတော့ နောက်ဆုံးပေါ် ဆိုတာလည်း ဖြစ်ရမယ်လေ..
အရင် ခေတ်အဆက်ဆက်က မကောင်းတဲ့ မ ဆ လ စနစ်ကြောင့်
အသုံးတည့်တဲ့ ပစ္စည်း အသစ်မရလည်း အဟောင်းထဲက အကောင်းကို ဘဲ
ခေတ်မမှီပေမဲ့ အကောင်း လုပ်သုံးခဲ့ကြရတယ် ။
တစစ ခေတ်ပြောင်းလာတော့ မှောင်ခိုခေတ်မှာ
ယိုးဒယားက ဝင်လာတဲ့ လူသုံးကုန် အသစ်လေးတွေ သုံးခွင့်ရလာပြီး
ကိုယ့်ကိုယ်ကို အဟုတ်ကြီး လူစဉ်မှီပြီလို့ ထင်လာကြတာ..။
မဆလ တခေတ်ကုန်တော့ ပွင့်လင်းလာသလိုလို
ကမ္ဘာကြီးကို မြင်တဲ့သူတွေက မြင်ကြရတော့
အသစ်တွေကို တမ်းတ လာ သုံးချင်လာကြတာဘဲ ။
ခုအခါတော့ တို့တိုင်းပြည်မှာ အသစ်တွေကို
သုံးခွင့်ရလာပါပြီ....။

ပြောင်းလဲ လာတာကိုး..
မြို့တော် အသစ်ကြီး ပေါ်လာတယ်..
အဆောက်အဦးအသစ်တွေ ပေါ်လာတယ်..
လွှတ်တော် အသစ်ပေါ်လာတယ်...
လုပ်ငန်းအသစ်တွေပေါ်လာတယ်..
နောက်ဆုံး အစိုးရအသစ်တောင်ပေါ်လာပြီမဟုတ်လား ။
မြို့တော်အင်္ဂါရပ်တွေနဲ့အတူ..
လေယာဉ်လိုင်းသစ်တွေ..
ကားလိုင်းသစ်တွေ..
မြို့ပတ်ရထား လိုင်းသစ်တွေ..
စနစ်သစ်နဲ့ လုပ်နေကြတာ...
အသစ်အသစ် ..အသစ်တွေပေါ့..။

လေယာဉ်လိုင်းသစ်တွေအတွက်သုံးတဲ့ လေယာဉ်ပျံတွေက
သူများနိုင်ငံမှာ သုံးပြီးသား တပါတ်ရစ် အဟောင်းတွေ...

ကားလိုင်းအသစ်တွေမှာသုံးတဲ့ ကားတွေက
သူများနိုင်ငံမှာ သုံးပြီးသား တပါတ်ရစ် အဟောင်းတွေ...

မြို့ပတ်ရထားလိုင်းအသစ်တွေမှာသုံးတဲ့ ရထားတွေက
သူများနိုင်ငံမှာ သုံးပြီးသား တပါတ်ရစ် အဟောင်းတွေ...

မရှိလို့ မတတ်နိုင်လို့ တိုင်းပြည်ဆင်းရဲလို့ ဆိုတော့
အသစ်သုံးချင်ပေမဲ့ အဟောင်းကိုဘဲ အကောင်းလုပ် ပြီး သုံးရတာ
ကျင့်သားရသွားကြပြီလား....။

ဒါပေမဲ့.....
မြို့တော် အသစ်
လွှတ်တော် အသစ်
အစိုးရအသစ်မှာ
အသစ်တွေမသုံးဘဲ
ကျင့်သားရနေကြတဲ့အတိုင်း
အဟောင်းကို အကောင်းလုပ် သုံးကြဦးမှာလား။




No comments:

Post a Comment