Friday, September 15, 2017

ကံကောင်းအောင် ကြိုးစားကြပါ.

အတိတ်ကံ အထောက်အပံ့ ကောင်းချိန်
မြှားအစင်းတစ်ရာတို့ နှင့်
ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်သော်လည်း
ကံအဟောင်းတို့ ထောက်ပံ့ နေချိန်မှာ
သေကံမရောက် အသက်ဘေးမှ လွတ်မြောက် နိုင်သည် ။
အတိတ်ကံ မှေးမှိန်ချိန် ရောက်လျှင်
သမန်းမြက် တစ်ပင် စူးရှရုံနဲ့
ကံအဟောင်းအညစ်တို့ နှိပ်စက်သဖြင့်
သေခြင်းတရားကို ရှောင်ကွင်း၍ မလွတ်နိုင်...။

အတိတ်ကံ အထောက်အပံ့ ကောင်းချိန်
သမားဟူးရားတို့နှင့်ဝေးရာတောတောင်အရပ်တွင်သော်မှ
အနာရောဂါ နှိပ်စက်သော်လည်း
ကံအဟောင်းတို့ ထောက်ပံ့ နေချိန်မှာ
သေကံမရောက် အသက်ဘေးမှ လွတ်မြောက် နိုင်သည် ။
အတိတ်ကံ မှေးမှိန်ချိန် ရောက်လျှင်
ကြောပူခေါင်းကိုက် ဖျားနာမျှနှင့်ပင်လျှင်
ဆေးဆရာတို့ ဝိုင်းရံ စောင်ရှောက် ကုသသော်လည်း
ကံအဟောင်းအညစ်တို့ နှိပ်စက်သဖြင့်
သေခြင်းတရားကို ရှောင်ကွင်း၍ မလွတ်နိုင်...။

အတိတ်ကံ အထောက်အပံ့ ကောင်းချိန်
စီးပွားဥစ္စာ ရှာရလွယ်ကူပြီး
သူခိုးသူဝှက်တို့ ခိုးယူ လုယက်သော်လည်း မကုန်ခမ်းနိုင်..။
အတိတ်ကံ မှေးမှိန်ချိန် ရောက်လျှင်
မိတ်ဆွေကောင်းများက စောင့်ရှောက်သော်လည်း
စီးပွားဥစ္စာ ပျက်စီးခြင်း ကို မထောက်ပံ့နိုင်..။

No comments:

Post a Comment